သတင်းများ

မိတ္ထီလာမြို့ အ.ထ.က (၄) ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 21,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အ.ထ.က (၄) ၌ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ကျင်းပ
Jul 21,2025
ပြည်နယ်အတွင်းမှ ထူးချွန်ထက်မြတ်သည့် ရွက်ပုန်းသီးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဖူဆယ်ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်း အဆင့်အတန်းမြင့်မားစွာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိစေရေး ရည်ရွယ်ကျင်းပသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
ပြည်ကြီးမဏ္ဍိုင်တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Jul 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဆက်လက်ပို့ချ
Jul 21,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ ယနေ့ (၈) ကြိမ်မြောက်သင်တန်းကို ဇူလိုင် (၁) ရက်မှ ဇူလိုင် (၂၆) ရက်နေ့အထိ နေ့စဥ် နံနက် (၉) နာရီမှ ညနေ (၃) နာရီအချိန်အထိ ရှမ်းပွဲရပ်ကွက် ရွှေမုဋ္ဌောဘုရား မဟာအတုလဝေယံဘုံမ်မြင့်အတွင်း၌ သင်တန်းဆက်လက် ပို့ချပေးလျက်ရှိသည်။
ဇမ္ဗူသီရိမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ပထမနေ့ (ဆင့်ပွား) သင်တန်း ဖွင့်လှစ်
Jul 21,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း (ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေး
Jul 21,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို လစဉ်အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီမှစတင်၍ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့‌ဆေးရုံကြီး အရှေ့ဘက်ဆေးရုံသုံးထပ်ဆောင်ခန်းမ၌   ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။
အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်း ပို့ချ
Jul 21,2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးလုပ်ဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲနှင့် အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ် သတ္တဗေဒဌာနတို့ ပူးပေါင်း၍ ပျားမွေးမြူ ရေး ပြည်သူပညာပေးသင်တန်းကို ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ရှိ သတ္တဗေဒဌာန လက်တွေ့စာသင်ခန်းများတွင် သင်ကြားပို့ချခဲ့သည်။
မြန်အောင်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသုံးဆီများကို စျေးနှုန်းသက်သာစွာရောင်းချ
Jul 21,2025
မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယနေ့နံနက်က မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်နှင့် အောင်ဇေယျအားကစားခန်းမ၌ မြန်အောင်မြို့နယ်နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်ထုတ်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေး၍ စားသုံးဆီများကို စျေးနှုန်း သက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။