သတင်းများ

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး (အောင်နိုင်တိုး) အထွက်နှုန်းကောင်း မျိုးစပါးသစ် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ကျင်းပ
Jul 22,2025
နိုင်ငံတော်မှ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေရေးတို့ကို အဓိကထားဆောင်ရွက်ပေးလျက်ရှိပြီး လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းနိုင်ရေး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါး (အောင်နိုင်တိုး) အထွက်နှုန်းကောင်း မျိုးစပါးသစ်  ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က တောမကျေးရွာအုပ်စု၊ ပင်းချားကျေးရွာ ကွင်းအမှတ်-(၁၁၁)၊ ဦးပိုင်အမှတ်-(၃၀/၂)၊ စိုက်‌ဧက (၅)ဧကရှိသည့် တောင်သူဦးမျိုးဝင်းသန်း၏ လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅)ဖွင့်ပွဲကျင်းပ
Jul 22,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅) ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
မိုင်းယောင်းမြို့၌ စာဖတ်ဝိုင်း ပြုလုပ်
Jul 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်သည်။
ကျွန်းလှမြို့နယ်၌ ဆီထွက်သီးနှံ မိုးမြေပဲ ဧက ၅၈၀၀ ကျော်စိုက်ပျိုးပြီးစီး
Jul 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးရာသီ၌ မြေပဲ ဧက ၅၈၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တမူးမြို့တွင် ပုံစံ(၈)ဝင် ကျွန်း၊ အင်၊ကညင်(ခွဲသား)များအား လေလံတင်ရောင်းချခြင်း အခမ်းအနား ကျင်းပ
Jul 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပုံစံ(၈)ဝင် ကျွန်း၊ အင်၊ကညင်(ခွဲသား)များအား လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်သစ်တောဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားတက်ရောက်
Jul 22,2025
စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
မိုင်းခုတ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် အရုပ်ဆက်ပြိုင်ပွဲကျင်းပ
Jul 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်ပိုင်းက အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌  မိုဘိုင်း Library စနစ်ဖြင့် အခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း
Jul 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်  နမ့်စလိုင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၉ နာရီအချိန်က မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ကွင်းဆင်း ငှားရမ်းဖတ်ရှုစေခဲ့ကြောင်း သိရသည်။