သတင်းများ

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) အစည်းအဝေးခန်းမတွင် ပြိုင်ပွဲကျင်းပ
Jul 21,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပကာ စွမ်းရည်မြှင့်ပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Center) အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
သုံးခွမြို့နယ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား (UID Unique Identity) ဆောင်ရွက်ပေးလျက်ရှိ
Jul 21,2025
ရန်ကုန်တိုင်း​ဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်ပေးခြင်းကို ​မြန်မာ့စီးပွားရေးဘဏ်(ခွဲ)တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ပေးနေလျက်ရှိ​ကြောင်း သိရသည်။
ပင်လောင်းမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက် MEVM ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်
Jul 21,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပါတီစုံအ‌ထွေထွေရွေးကောက်ပွဲမဲပေးနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Jul 21,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နေ့လယ် (၁)နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ အသားငါးစျေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေး တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Jul 21,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်စည်ပင်သာယာစျေးနှင့် ဒက္ခိဏစျေးအတွင်း ရောင်းချလျက်ရှိသည့် အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သီးနှံမျိုးစုံ(၃၀၀၅)ဧက ရေပြည့်ဝစွာပေးနိုင်ရေး ထုံးကြီးမြောင်းအား သဲနုန်းတူးဖော်ခြင်းနှင့် နိမ့်ကျနေသည့် မြောင်းဘောင်အစိတ်အပိုင်းများအား မြှင့်တင်ပေးသွားမည်ဖြစ်
Jul 21,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာနှစ်အလိုက် ဆည်၊ မြောင်းများအား ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆  ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ(၃၀၀၅)ဧက ရေပြည့်ဝစွာပေးနိုင်ရေး ထုံးကြီးမြောင်းအား သဲနုန်းတူးဖော်ခြင်းနှင့် နိမ့်ကျနေသည့် မြောင်းဘောင်အစိတ်အပိုင်းများအား မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေး
Jul 21,2025
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပုံမှန် ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Jul 21,2025
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်-၄ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။