ပခုက္ကူမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေး

ပခုက္ကူ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို လစဉ်အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီမှစတင်၍ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့‌ဆေးရုံကြီး အရှေ့ဘက်ဆေးရုံသုံးထပ်ဆောင်ခန်းမ၌   ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး၏ ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၅၅ ဦးတို့အား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊  ဆီးချို၊ သွေးချို၊ နှလုံးရောဂါဆိုင်ရာစစ်‌ဆေးပေးခြင်း၊ အခြေခံရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကုသပေးခြင်း၊ ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် လိုအပ်သောဆေးဝါးများ ပေးအပ်ခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)