မြန်အောင်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသုံးဆီများကို စျေးနှုန်းသက်သာစွာရောင်းချ

မြန်အောင် ဇူလိုင် ၂၁

မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယနေ့နံနက်က မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်နှင့် အောင်ဇေယျအားကစားခန်းမ၌ မြန်အောင်မြို့နယ်နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်ထုတ်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေး၍ စားသုံးဆီများကို စျေးနှုန်း သက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများ ပင်စင်လာရောက်ထုတ်ယူရာတွင် သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးခြင်းတို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ဆောင်ရွက်ပေးပြီး မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက တစ်ဦးလျှင် စားအုန်းဆီ ငါးဆယ်ကျပ်သားနှုန်းဖြင့် ဆီ ၁၁၀ ပိဿာ ရောင်းချပေးရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့်အသင်းဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနဦးစီးမှူး ဦးမြင့်အောင်တို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်