သတင်းများ

မြောက်ဥက္ကလာပမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jul 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ လာရောက်ထုတ်နှံကြသော နိုင်ငံ့၀န်ထမ်းအငြိမ်းစားများအား UID ကောက်ယူခြင်းလုပ်ငန်းကို ယနေ့က နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစား ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ် ခြင်းအခမ်းအနား တက်ရောက်
Jul 21,2025
နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးနှင့် စားသောက်ရေးများအဆင်ပြေစေရန်အတွက်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေး ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း/အမှုထမ်းနှင့် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။
ပန်းတနော်မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းအပတ်စဉ် (၄) ဖွင့်လှစ်
Jul 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမတွင် ယနေ့နံနက် ၉း၃၀ နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း အပတ်စဥ် (၄) အား စာတွေ့၊ လက်တွေ့ (၂) ပိုင်းခွဲ၍ ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
တောင်ငူမြို့၊ အ.ထ.က (၅) ၌ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 21,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သစ်တောဦးစီးဌာနနှင့် တောင်ငူမြို့နယ် သစ်တောဦးစီးဌာနတို့ ဦးဆောင်ကာ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက တောင်ငူမြို့၊ အ.ထ.က (၅)၌ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပသည်။
ကျေးသီးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိ
Jul 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်အတွင်းရှိ ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်မြန်မာ့ စီးပွားရေးဘဏ်၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး စားသုံးဆီနှင့် ကြက်ဥများ သက်သာသောဈေးနှင့် ရောင်းချပေး
Jul 21,2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူဆေးရုံ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ရက်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးပြီး စာသုံးဆီနှင့် ကြက်ဥများသက်သာသော ဈေးနှုန်းဖြင့် ရောင်ချပေးခြင်းကို ယနေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ​ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Jul 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ မြို့ပေါ်ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Jul 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ၁/အနော်မာရပ်ကွက်၊ ၄/တောင်ရပ်ကွက်၊ ၁ဝ/တောင်ရပ်ကွက်များသို့ အဘိတ်ဆေး(Abate)ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စုရပ်အဖြစ် ဆောင်ရွက်ခဲ့သည်။