သတင်းများ

ကော့သောင်းမြို့တွင် ရုရှားဘာသာစကားပြော(အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 22,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်‌သော ရုရှားဘာသာစကားပြော (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ကော့သောင်းမြို့၊ Victoria Cliff Hotel (မင်္ဂလာခန်းမ)တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊‌ ဦးမောင်မောင်ကြီး၊ စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ကော့သောင်းမြို့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးသည် တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံပွဲ ကျင်းပ
Jul 22,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာသည် တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော့သောင်းမြို့ရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများ၊ ဘာသာရေးနှင့်လူမှု‌ရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်း ကကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးတွင် တက္ကသိုလ်နှင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (၂/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 22,2025
တက္ကသိုလ်နှင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (Training of Trainer) (၂/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ သာစည်မြို့နယ်ရှိ ကျွဲတပ်ဆုံ X-Ray စက်တိုးချဲ့တပ်ဆင်ရန် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
Jul 22,2025
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများဖြစ်သည့် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးရာ ဝန်ကြီးဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက သာစည်မြို့နယ်ရှိ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာသို့ ရောက်ရှိပြီး ကျွဲတက်ဆုံ X-Ray စက်တိုးချဲ့တပ်ဆင်ရန် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
​​​​​​​မြဝတီမြို့နယ် အခြေခံပညာအထက်တန်းဝါးတောကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Jul 21,2025
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အခြေခံပညာအထက်တန်း (ဝါးတော) ကျောင်း၌ ကျင်းပပြုလုပ်ရာ အခြေခံပညာအထက်တန်း (ဝါးတော) ကျောင်းအုပ်ဆရာမ ဒေါ်စိုးစိုးသက်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် သံပုရာပင်စိုက်ပျိုးထားခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ
Jul 21,2025
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒေသခံပြည်သူများမှာ မိမိတို့၏ခြံ ဝင်းများနှင့် ဉယျာဉ်ခြံများတွင် အလေ့ကျပေါက်ခြင်းနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် သံပုရာပင်များမှ သံပုရာသီးများခူးဆွတ် ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
​​​​​​​ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်းတွင် ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘဆရာ အသင်းအမှုဆောင်အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသားမိဘများမှစုပေါင်း၍  ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်း၌ ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲကဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်
Jul 21,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၁ ရက်၊ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၊ စုပေါင်းခန်းမ အသိပညာပေးဟော ပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။