မိတ္ထီလာမြို့ အ.ထ.က (၄) ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိတ္ထီလာ ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အ.ထ.က (၄) ၌ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ငလျင်ဘေး၊ မုန်တိုင်းဘေး စသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိလှိုင်က အသိပညာပေးဟောပြောသည်။ အဆိုပါဟောပြောပွဲတွင် ကျောင်းသူ၊ ကျောင်းသားများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ သောက်ရေသန့်၊ မုန့်နှင့် စာရေးကိရိယာ (ဘောပင်) တို့ကို ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချမ်းသာ