သိန္နီ သြဂုတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ပြည်သူလူထုများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုဦးရေစာရင်းများကို ကွင်းဆင်း၍ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစိုးတင့်နှင့်ဝန်ထမ်းများက အသက်(၁၆)နှစ်နှင့်(၁၈)နှစ်ကြား၊ အသက်(၁၈)နှစ်ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားကတ်ပျောက်ဆုံးပျက်ဆုံးသူများအား အသစ်လှဲလှယ်ပေးရန်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးခြင်းတွင် မြို့နယ်အတွင်းရှိအမှတ်(၃)ရပ်ကွက်၊ အမှတ်(၄))ရပ်ကွက်၊ မိုင်းလီကျေးရွာအုပ်စု၊ ပိန်းဆာကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာအုပ်စုနှင့် ခမ်းတိန်းကျေးရွာအုပ်စုတို့အား ဆောင်ရွက်ပြီးစီးခဲ့ကြောင်းနှင့် ကျန်ရှိသည့်ရပ်ကွက်နှင့် ကျေးရွာများကိုလည်း ဆက်လက်ကွင်းဆင်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)