မိုးနဲ ဩဂုတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၃ ခုနှစ် ဧပြီလက ကျင်းပပြုလုပ်ခဲ့သော (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော လူငယ်မောင်မယ်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်းနေရာတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ အုဌ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဂန္ဓမာအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်များဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ဩဝါဒါစရိယ ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာဃိန္ဒအရှင်သူမြတ်ထံမှ ဩဝါဒခံယူခဲ့ကြသည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ (၃၈) ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ဖြေဆိုအောင်မြင်သော ကျောင်းသား၊ ကျောင်းသူလူငယ်/မောင်မယ်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများကို မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့်ပင့်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များက လူငယ်တစ်ဦးချင်းစီ၏လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အမျှပဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ဝိုးတောင်း