ပင်လုံ သြဂုတ် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူ ကျောင်းသား/ ကျောင်းသူလူငယ်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူ ကစာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံ၏ ကြီးပွားအောင်မြင်အောင်ပန်းကိုဆင် စာအုပ်မှ အတိုးတက်ဆုံးလူ ခေါင်းစဉ်ဖြင့်ဦးဆောင်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူ ကျောင်းသားလူငယ်များအဖွဲ့ (Book Club, Youth Club)မှ အဖွဲ့ဝင်များဖြစ်သော ခွန်ကျော်သူရဟိန်းမှ ''ကိုယ်ခံအားကောင်းလျှင်'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းအွမ်ငင်းဆိုင်မှ ''၂၁ရာစု၏ ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကျော်ဇေယျာဖြိုးမှ ''ကြီးပွားခြင်း၏ အခြေခံစာဖတ်ရန်'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းဌေးဌေးရီမှ ''အတတ်ပညာသင်ယူ၊ ခံယူခြင်း'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းချယ်ရီဦးမှ ''ပင်ကိုစရိုက်လက္ခဏာ'' ခေါင်းစဉ်ဖြင့်လည်း ကောင်းအသီးသီးဆွေးနွေးကာ အသိပညာဗဟုသုတများကို အပြန်အလှန်မျှဝေခဲ့ကြကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)