သတင်းများ

တောင်သာမြို့နယ် ဥသျှစ်ပင်(အင်ကြင်းသာတောတိုက်)ကျေးရွာတွင် ကုန်ထုတ်တံတားဆောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး
Aug 08,2023
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဥသျှစ်ပင်(အင်ကြင်းသာတောတိုက်) ကျေးရွာတွင် ကုန်ထုတ်တံတားဆောက်လုပ်နေမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ယမန်နေ့က အဆိုပါကုန်ထုတ်တံတားသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 08,2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အဆင်မြင့်ပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ်(ရမည်းသင်း)တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၇ ရက် မွန်းလွဲ ၁နာရီက နည်းပညာတက္ကသိုလ်(ရမည်းသင်း)ကျောင်း၊ ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပပြု လုပ်သည်။
ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ကျေးရွာများမှ တောင်သူများ (၁)နှစ်လျှင် ပြောင်းဖူး (၄)ကြိမ်ထိ စိုက်ပျိုးရောင်းချနေ
Aug 08,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ် ကျေးရွာအုပ်စုမှကျေးရွာများ တနှစ်ပတ်လုံးပြောင်းဖူး စိုက်ပျိုးရောင်းချကြကြောင်း ပြောင်းဖူးစိုက်တောင်သူ ဦးဝင်းတင့်ထံက သိရသည်။
ရှမ်းရွာသစ်မြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းပြီး လူနေအိမ်များ၌ ရေများဝင်ရောက်
Aug 08,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိရာ ဩဂုတ်လ(၅)ရက်နေ့မှစ၍ မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများနှင့် မိုးရေများဝင်ရောက်မှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ လူနေအိမ်များ၊ လယ်ယာမြေများ၌ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမြင့်စိုး နောင်တရားဒေသရှိ ဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရူ
Aug 08,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားဒေသရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမူကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များက ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရူသည်။
တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သွားတိုက်နည်းစနစ်တကျမှန်ကန်ရေး  အသိပညာပေးဟောပြော
Aug 08,2023
တံတားဦးမြို့အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ သွားတိုက်နည်းစနစ်မှန်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ဆောင်ရွက်ကြောင်းသိရသည်။
သာယာဝတီခရိုင်၌ အစိုးရအဖွဲ့အစီအစဉ်ဖြင့် မှာယူထားသည့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
Aug 08,2023
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၌ အစိုးရအဖွဲ့အစီအစဉ်ဖြင့်မှာယူထားသည့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်းအမှတ်စဉ် ၃/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်
Aug 08,2023
ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများလျော့နည်းပပျောက်စေရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် မိသားစုဝင်ငွေ တိုးတက်ရရှိကာ အမျိုးသမီးငယ်များ သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် ၃/၂၀၂၃ သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။