မိတ္ထီလာ သြဂုတ် ၈
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ကွန်ပျုတာနှင့်အင်္ဂလိပ်စာကားပြောသင်တန်း အမှတ်စဉ် (၉/၂၀၂၃) ၊ IP Networking သင်တန်းအမှတ်စဉ် (၇/၂၀၂၃)၊ Logistics & Supply Chain Management သင်တန်း အမှတ်စဉ် (၅/၂၀၂၃)နှင့် ဒီဇယ်စက်ခေါင်းလျှပ်စစ်ပြင်သင်တန်းအမှတ်စဉ် (၄၃/၂၀၂၃) တို့ ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်းက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ကြီးက သင်တန်းတွင်ဆုရရှိသည့် သင်တန်းသား သင်တန်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး သင်တန်းသား သင်တန်းသူများအား လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။ ၎င်းကွန်ပျုတာနှင့် အင်္ဂလိပ်စာကားပြောသင်တန်း အမှတ်စဉ် (၉/၂၀၂၃)ကို သင်တန်းသားသင်တန်းသူ ၁၃ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၀ ပတ်ကြာမြှင့်ခဲ့ပြီး IP Networking သင်တန်းအမှတ်စဉ်(၇/၂၀၂၃)ကို သင်တန်းသားသင်တန်းသူ ၈ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၈ ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့သည်။ ယင်းအပြင် Logistics & Supply Chain Management သင်တန်းအမှတ်စဉ် (၅/၂၀၂၃)ကို သင်တန်းသားသင်တန်းသူ ၈ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၆ ပတ် ကြာမြှင့်ခဲ့ပြီး ဒီဇယ်စက်ခေါင်း လျှပ်စစ်ပြင်သင်တန်းအမှတ်စဉ် (၄၃/၂၀၂၃)ကို သင်တန်းသား/သင်တန်းသူ ၁၂ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၀ ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)