ကျိုက်ထို ဩဂုတ် ၉
ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများစီးဆင်းပြီး ကဒတ်ချောင်း ရေလျှံမှုကြောင့် အနိမ့်ပိုင်းနေအိမ်များသို့ ရေများထပ်မံဝင်ရောက်လာသည့်အတွက် ဩဂုတ် ၉ ရက် နံနက် ၁၀ နာရီချိန်တွင် ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ တောရရွှေဂူကျောက်ကွင်း ဘုန်းကြီးကျောင်းနှင့် ကော့စံနိုင်ရပ်ကွက်၊ တောရဘုန်းတော်ကြီး ကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရသည်။
အဆိုပါ ကယ်ဆယ်ရေး စခန်းများတွင် ဇေယျာမွန်ရပ်ကွက် ကျောက်ကွင်းဘုန်းကြီးကျောင်း၌ အိမ်ခြေ(၃၆)အိမ်၊ အိမ်ထောင်စု(၃၆)စု၊ လူဦးရေ ကျား(၇၄)ဦး၊ မ (၆၈) ဦး၊ စုစုပေါင်း (၁၄၂)ဦးတို့အား လည်းကောင်း၊ ကော့စံနိုင်ရပ်ကွက်၊ တောရဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ အိမ်ခြေ (၃၁)အိမ်၊ အိမ်ထောင်စု (၃၁)စု၊ ကျား (၆၃)ဦး၊ မ (၆၃)ဦး၊ ပေါင်း (၁၂၆)ဦး တို့အား ကျိုက်ထိုတပ်နယ်မှ ဗိုလ်မှူးရဲရင့်မင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့်ပူးပေါင်း၍ ပြောင်းရွှေ့နေရာ ချထားပေးခဲ့သည်။
ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း(၂)ခုရှိ ရေဘေးရှောင် ပြည်သူများ၏ စားသောက်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များမှ ကျွေးမွေးသွားမည်ဖြစ်ကြောင်းနှင့် လူ/တိရစ္ဆာန်များထိခိုက်ဆုံးရှုံးမှုများ မရှိပါကြောင်းသိရသည်။
မြိုနယ်(ပြန်/ဆက်)