ကော့မှူး ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ယနေ့နံနက်က စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာပေချစ်မြတ်နိုးသူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာပေ လေ့လာဖတ်ရှုပြီး ဗဟုသုတ အတွေးအမြင်များ ရရှိစေရန် စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် အမှားအမှန် ဝေဖန်ပိုင်ခြားနိုင်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးမြလင်းက စာရေးဆရာမ ခင်ညိုညိုမြင့် ရေးသားသည့် “အနန္တစုန်ရေအတိုင်းသာ” စာအုပ်ထဲမှ “ပညာ၏အကျယ်အဝန်းကိုတိုင်းတာခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်တင်သန်းက “ ပညာပြည့်ဝနှလုံးလည်းလှစေ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် မခင်ရတနာက “ပန်းတွေနဲ့ဝေ” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် Book Club အဖွဲ့ဝင် ဦးမြလင်းက ဦးဆောင်ဆွေးနွေးရာ ပညာဟူသောအသိပညာ ၊အတတ်ပညာ ပိုင်းမှာရောယုန်ကလေးအထောက်မမီ၍ ပင်လယ်ဒီရေအမြင့်ကို မသိနိုင်ကြောင်း၊ လောကတွင် အနှစ်မှန်းအကာမှန်း မသိနိုင်သော ကိစ္စက အများပင်ဖြစ်ကြောင်း၊ ကြက်ဥနှင့် ကြက်မဘယ်အရာက စသလဲဆိုတဲ့ဘဝပြဿနာမျိုး မမြင်နိုင်ရသော ပညာအရာမှာလေ မုံ့လုံးစက္ကူကပ်ကိစ္စတွေက အများသာရှိနေတတ်ကြောင်း ၊ အသိပညာအတတ် ပညာဟူသည် ဒြပ်မရှိ ကိုင်တွယ်စမ်းသပ်၍မရ စိတ်မှန်းနှင့်သာ သိနိုင်သော ပညာသည်တိုင်းတာရခက်ခဲသော သဘောရှိကြောင်း၊ လူတစ်ဦးချင်းစီတွင်ရှိ သော စိတ်ထားတွေးခေါ်မှု ဆင်ခြင်ဉာဏ်၊ ကျွမ်းကျင်လိမ္မာမှုအစရှိသော ကိုယ်ရည်ကိုယ်သွေးခေါ် နာမ်သဘာဝသည်တစ်ဦးနှင့်တစ်ဦး လုံးဝထပ်တူမကျနိုင်သလို သူ့အရည်အချင်းကို လည်းမြင်နိုင်ရန်ခဲယဉ်းသည့် သဘောရှိကြောင်း၊ မတိကျမရေရာတတ်သော လောကသဘာဝတွင် ငှက်မသိတော့ ဆရက်ကိုချိုးထင်၊ အချက်မသိတော့သမက်ကို သူခိုးထင်ကိစ္စတွေလည်း ရှိကြကြောင်း၊ ပညာ၏ အကျယ်အဝန်း ကိုတိုင်းတာရာတွင် ပညာရွှေအိုးမပြည့်အိုးပမာရှိနေသည့်အဖြစ်ကို လူတိုင်းစာဖတ်ခြင်းဖြင့် တစ်သက်တာ ပညာပင်လယ်ပြင်ကို ဖြတ်သန်းကြရန် ဆွေးနွေးပြောကြားခဲ့ပြီး စာပေချစ် မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)