သတင်းများ

ဆီဆိုင်မြို့နယ် ထူးကျန့်ကျေးရွာ၌ မြေသားရေကန် တစ်ဖက်ကျောက်ရိုးစီခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီက လွယ်ပွတ်ကျေးရွာအုပ်စု၊ ထူးကျန့်ကျေးရွာ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မဘိမ်းမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများအား ယူရီးယား ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်
Aug 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ အခြေခံဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်
Aug 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းခုနှစ်ခုအနက် ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများကို ပြန်လည်ထူထောင်ပေးနိုင်ရေး အခြေခံဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ ကွမ်းခြံချောင်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်ခရိုင်နှင့် ကျုံပျော်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Aug 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် မအူပင်ခရိုင်နှင့် ကျုံပျော်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ကလေးမြို့တွင် မိုးစပါးပန်းတိုင် အထွက်နှုန်းနှင့်အထက် ရရှိရေးအတွက် စိုက်နည်းစနစ်မှန်ကန်ရေး ပညာပေးကွင်းသရုပ်ပြပွဲပြုလုပ်
Aug 12,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် မိုးစပါးပန်းတိုင် အထွက်နှုန်းနှင့်အထက် ရရှိရေးအတွက် စိုက်နည်းစနစ်မှန်ကန်စေရန် ပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးဌာန စိုက်ကွင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၌ ဆီထွက်သီးနှံ မိုးနေကြာအားတောင်သူများ တိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေးစိုက်ခင်းဖြင့် စိုက်ပျိုးထား
Aug 12,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် မိုးနေကြာစိုက်ပျိုးမှုမှာအခြားရာသီများ ထက်စိုက်ပျိုးမှုနည်းသော်လည်း ဒေသတွင်းစားသုံးဆီဖူလုံရေး၊ တောင်သူများတိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေး စိုက်ခင်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရန်ကုန်-မန္တလေးအမြန်လမ်းဘေး (၁၁၃)မိုင်အနီး စိုက်ခင်းအတွင်းတွင် စိုက်ပျိုးထားကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံများနှင့် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုအား ကြည့်ရှုအားပေး
Aug 12,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ကာ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံများနှင့် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မချမ်းဘော အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Aug 12,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် Grade-9 ကျောင်းသူ၊ ကျောင်းသားများက ဘက်စုံပညာကိုယ်ရည် ဒို့လှမ်းချီသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကား ပြောကြားကာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခေါ့ထိန်က စနစ်သစ်ပညာရေးနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများ၏ ဆောင်ရွက်လိုက်နာရမည့် အချက်များကို လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။