မင်္ဂလာဒုံမြို့နယ်အတွင်း မိုးစပါး စိုက်ပျိုးမှု ၈၅ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီး

မင်္ဂလာဒုံ သြဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးများ စိုက်ပျိုးခြင်းကို လျာထားချက် ၈၅ ရာခိုင်နှုန်းအထိ စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း
  အထွက်နှုန်းကောင်းသည့် ပေါ်ဆန်း၊ ဆင်းသုခ  စသည့် မိုးစပါးများ စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးသည့် ကာလမှာ  ပေါ်ဆန်း စပါးအမျိုးအစားသည် ရက်ပေါင်း (၁၅၀)မှ(၁၆၀)အတွင်း ရှိပြီး တစ်ဧကတွင် စပါးထွက်နှုန်း တင်း(၆၀) မှ (၇၀) အထိ ထွက်ရှိကြောင်း သိရှိရပြီး ဆင်းသုခ မိုးစပါးမှာ စိုက်ပျိုးကာလ ရက်ပေါင်း(၁၃၅) မှ (၁၄၀) ရက် အတွင်းရှိပြီး တစ်ဧကလျှင် စပါးထွက်နှုန်း တင်း (၈၀) မှ (၉၀) တင်းအထိ ထွက်ရှိကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အထွက်နှုန်းကောင်းသည့် စပါးများ ဖြစ်လာစေရေးနှင့် အရည်အသွေးပြည့်မှီသော ဆန်စပါးများ ဖြစ်လာစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဌေးလင်း(မင်္ဂလာဒုံ)