မူဆယ်မြို့တွင် ၂၀၂၃ ခုနှစ်၊ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား လက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မူဆယ် ဩဂုတ် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဒေသခံတိုင်းရင်းသားများ၊ လူငယ်လူရွယ်များနှင့် အားကစားဝါသနာရှင်များကို မြန်မာ့အားကစားနှင့်ကာယပညာ တိုးတက်ဖွံဖြိုးရေးအတွက် ၂၀၂၃ခုနှစ်၊ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား လက်ဝှေ့ပြိုင်ပွဲကို ဩဂုတ်လ(၅)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့ရာ ယမန်နေ့ နေ့လည် (၃း၀၀)နာရီအချိန်က နောက်ဆုံး (final)အဆင့်ထိ တက်ရောက်သွားသောအသင်းများကို ဆက်လက်ယှဉ်ပြိုင်စေလျက် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါလက်ဝှေ့ပြိုင်ပွဲကို ဩဂုတ်လ(၅)ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး မူဆယ်ခရိုင်အတွင်းရှိ လက်ဝှေ့အားကစားဝါသနာရှင်(၆၄)ဦးနှင့် အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး (၄၈)ကီလို၊ (၅၁)ကီလို၊ (၅၄) ကီလို၊ (၅၇)ကီလို၊ (၆၀)ကီလို၊ (၆၃.၅)ကီလို၊ (၆၇)ကီလိုနှင့် (၇၁)ကီလို  ဝိတ်တန်းအသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ထို့အတူ ဩဂုတ်လ(၅)ရက်နေ့မှ (၈)ရက်နေ့အထိ ယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင်ကစားသမားများမှ နောက်ဆုံး(final)အဆင့်ထိ တက်လှမ်းနိုင်သော ပြိုင်ပွဲဝင်များကို ဩဂုတ်လ(၉)ရက်နေ့တွင် အကြိတ်အနှယ် ဆက်လက် ယှဉ်ပြိုင်စေခဲ့ပါသည်။ ထို့အပြင် နောက်ဆုံး(final) ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်ရာ၌ တစ်ပွဲနှင့် တစ်ပွဲကြားတွင် မြုးကြွသံစဉ်တေးဂီတများနှင့် အကအလှပဒေသာများဖြင့် လက်ဝှေ့ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးကြသော ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများကို သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ဒိုင်အသီးသီး၏ အမှတ်များကို စီစစ်၍ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် ပူးတွဲတတိဆုတို့အပြင် အသင်းလိုက်အကောင်းဆုံး တံခွန်စိုက်ဒိုင်းဆုကြီး၊ အကောင်းဆုံးအားကစားသမားဆုနှင့် နည်းပြအကောင်းဆုံးဆုတို့ကို မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့်တကွ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)