ဘီးလင်း သြဂုတ် ၁၂
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် သြဂုတ်လ ၅ ရက်နေ့မှ စတင်ကာ ဘီးလင်းမြစ်ရေ လျှံတက်မှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သော မြို့ပေါ်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များရှိ ရေတွင်းများအား ကလိုရင်းဆေးများခတ်ပေးခြင်း၊ ရေကန်များကို အဘိတ်ဆေးများ ခတ်ပေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းမှ စတင်ကာ အဖွဲ့သုံးဖွဲ့ခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကလိုရင်းဆေးနှင့်အဘိတ်ဆေးများ ခတ်ပေးရာတွင် သြဂုတ်လ ၁၁ ရက်နေ့၌ ဘုန်းတော်ကြီးကျောင်း ၇ ကျောင်းနှင့် အိမ်ခြေ (၃၀) ရှိ ရေတွင်း၊ ရေကန်များကို ကလိုရင်းဆေးခပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆေးခတ်ခြင်း ဆောင်ရွက်ရန်ကျန်ရှိနေသေးသော ရပ်ကွက်ကျေးရွာ များသို့လည်း ကျန်းမာရေးဌာန ဝန်ထမ်းများက ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)