ပေါက်တောမြို့မှ ခရီးသည်များပို့ဆောင်သည့် ရွှေပြည်တန်အမြန်ရေယာဥ်အား အန္တရာယ်ကင်းရှင်းစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ ကွင်းဆင်းစစ်ဆေး

ပေါက်တော ဩဂုတ် ၁၂

ရခိုင်ပြည်နယ် ပေါက်တောမြို့မှ စစ်တွေမြို့သို့ ခရီးသည်များ ပို့ဆောင်သည့် ရွှေပြည်တန်အမြန်ရေယာဥ်ဖြင့် ခရီးသွားလာကြသည့် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ပေါက်တောမြို့ရှိ ရွှေပြည်တန်အ​မြန်ရေယာဥ် ဆိပ်ကမ်းဖောင်တော်မှ ထွက်ခွာမည့်ခရီးသည်တင် ရွှေပြည်တန်အမြန်ရေယာဥ်အား ကြံ့ခိုင်မှုအပါအဝင်စည်းကမ်းချက်များ ညီညွတ်မှု ရှိ၊မရှိ ပေါက်တောမြို့နယ် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြသည်။

ပေါက်တောမြို့မှ စစ်တွေမြို့သို့ ခရီးသည်များ ပို့ဆောင်သည့် ရွှေပြည်တန်အမြန်ရေယာဥ်၏ ကြံ့ခိုင်မှုအခြေအနေနှင့် ရေယာဥ်ပေါ်တွင် သတ်မှတ်ခရီးသည် ဦးရေးနှင့်အညီ အသက်ကယ်အကင်္ျီများ လုံးလောက်စွာပါဝင်ခြင်း ရှိ၊မရှိ ပေါက်တောမြို့၌ ရွှေပြည်တန်အမြန်ရေယာဥ် ညအိပ်ရပ်နားခြင်း ရှိ၊မရှိ စသည့်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျန်အေးနှင့် ​ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က စစ်ဆေးခဲ့ကြသည်။

ထို့ပြင် ခရီးသွားပြည်သူများအား အသက်ကယ်အင်္ကျီ စနစ်တကျဝတ်ဆင်တတ်စေရေး အသိပညာပေးဟောပြောကြပြီး အသက်ကယ်အင်္ကျီဝတ်ဆင်ပုံများကို ပြသကြသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)