သတင်းများ

မအူပင်မြို့တွင် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မအူပင်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကျင်းပပြုလုပ်သည့် လူငယ်များအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေးဆောင်ရွက်မည့် စီမံကိန်းအတွက် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲအခမ်းအနားအား ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက လယ်ကိုင်း‌ဘုန်းတော်ကြီးကျောင်း၊ တန်ဆောင်းတော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။
တာချီလိတ်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲကျင်းပ
Aug 13,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်၍ ကာယစွမ်းရည်၊ ဉာဏစွမ်းရည် တိုးတက်မြင့်မားလာစေရန်နှင့် အရည်အချင်း ပြည့်ဝသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲကို ဩဂုတ်လ ၁၁ ရက် ညနေ ၃ နာရီက တာချီလိတ် မြို့မ အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ဖြူးမြို့နယ်အတွင်း ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ဆောင်ရွက်
Aug 13,2023
ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိရာ အမှတ် (၁) အခြခံပညာ အထက်တန်း ကျောင်း ရာပြည့်ခန်းမတွင် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အခမ်းအနားကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 13,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၁) အခြေခံပညာ အထက်တန်းကျောင်းတွင် သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ကြီးမှူးကျင်းပသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့​ကြောင်း သိရသည်။
သာကေတမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 13,2023
ကျောင်းသား၊ ကျောင်းသူများ၏ကာယ၊ဥာဏ၊ စာရိတ္တကောင်းမွန်စေရေးနှင့် ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို သြဂုတ်လ ၁၁ ရက်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းစိန်ညီလာခန်းမ၌ ကျင်းပခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ
Aug 13,2023
နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား‌၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ် စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း “သပြေ” ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပန်၌ အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ရက်သတ္တပတ် စံပြမိခင် အာဟာရဆိုင်ရာ ချက်ပြုတ်နိုင်မှု စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Aug 13,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ HPA မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းနှင့် မြို့နယ်ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ရက်သတ္တပတ် စံပြမိခင် အာဟာရဆိုင်ရာ ချက်ပြုတ်နိုင်မှု စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက်(၁၀)နာရီက "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်
Aug 12,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများစုပေါင်း၍   စေတီယျတောင် တောင်စောင်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်ကြသည်။