သတင်းများ

မောက်မယ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများစတင်ထုတ်ချေး
Aug 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးခြင်းကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၀နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ စတင်ထုတ်ချေးပေးခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဥ်၊ စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ
Aug 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက်(၁ဝ)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Aug 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်အပြင် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူတော်လူကောင်းများ ဖြစ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန်နှင့် ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားထားရသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်းများတွင် ပြုလုပ်ခဲ့သည်။
ပူတာအိုရေခဲတောင်ဒေသထွက် ရှီးပတီးရှာဖွေသည့် ဒေသခံပြည်သူများ တစ်ဖက်တစ်လှမ်းမှ အပိုဝင်ငွေရရှိ
Aug 13,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ရေခဲတောင်များဖုံးလွမ်းရာ တိဘက်ကုန်းမြင့်ဒေသနှင့်ပင် လယ်ရေမျက်နှာပြင် အမြင့်ပေ တစ်သောင်းအထက်တွင်သာ သဘာဝအလျောက် ပေါက်ရောက်လေ့ရှိသော ရှီးပတီး(ခေါ်)ပိုးဆေးနွယ်ရှင်ရှာဖွေသည့် ဒေသခံပြည်သူများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိကြောင်း သိရသည်။
မအူပင်မြို့တွင် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မအူပင်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကျင်းပပြုလုပ်သည့် လူငယ်များအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေးဆောင်ရွက်မည့် စီမံကိန်းအတွက် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲအခမ်းအနားအား ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက လယ်ကိုင်း‌ဘုန်းတော်ကြီးကျောင်း၊ တန်ဆောင်းတော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။
တာချီလိတ်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲကျင်းပ
Aug 13,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်၍ ကာယစွမ်းရည်၊ ဉာဏစွမ်းရည် တိုးတက်မြင့်မားလာစေရန်နှင့် အရည်အချင်း ပြည့်ဝသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲကို ဩဂုတ်လ ၁၁ ရက် ညနေ ၃ နာရီက တာချီလိတ် မြို့မ အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ဖြူးမြို့နယ်အတွင်း ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ဆောင်ရွက်
Aug 13,2023
ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိရာ အမှတ် (၁) အခြခံပညာ အထက်တန်း ကျောင်း ရာပြည့်ခန်းမတွင် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အခမ်းအနားကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 13,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၁) အခြေခံပညာ အထက်တန်းကျောင်းတွင် သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ကြီးမှူးကျင်းပသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့​ကြောင်း သိရသည်။