ဖြူး ဩဂုတ် ၁၃
ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိရာ အမှတ် (၁) အခြခံပညာ အထက်တန်း ကျောင်း ရာပြည့်ခန်းမတွင် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အခမ်းအနားကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာအာကာက ကျောင်းသား/ကျောင်းသူများ အတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက ကျောင်းကျန်းမာရေးအတွက် အာဟာရဖွံ့ဖြိုးရေး လှုပ်ရှားမှုများ ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်အားလည်းကောင်း၊ လက်ထောက်ကျန်းမာရေးမှူး ဦးမျိုးမင်းထွန်းက ကျောင်းသား/ကျောင်းသူများအား အာဟာရဖွံ့ဖြိုးစေရေးနှင့် ကျန်းမာရေးအ တွက် လိုက်နာကျင့်သုံးရမည့် အချက်များကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းပေါင်းစုံ ကျန်းမာရေး အဆင့်မြင့် ကျောင်းဆုများကို ချီးမြှင့်ရာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ဆုရရှိသော ကျောင်း(၃)ကျောင်းအား ဆေးရုံအုပ်ကြီး ဒေါက်တာအာကာ နှင့် တာဝန်ရှိသူများက ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)