သတင်းများ

ယင်းမာပင်မြို့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Aug 13,2023
ပြည်သူများ၏ နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်/မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ များ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များကို ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး တို့အတွက် ယင်းမာပင်မြို့၊ မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ နံနက် ၇ နာရီအချိန်က တန်ဖိုး သင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ စားသုံးကုန်များ ထပ်မံသွားရောက် ထောက်ပံ့
Aug 13,2023
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ စားသုံး ကုန်များ ထပ်မံသွားရောက်ထောက်ပံ့ခဲ့သည်။
မြောင်းမြမြို့ အခြေခံပညာအထက်တန်းကျောင်းများတွင် လူငယ်အသိပညာပေး ဟောပြောပွဲ များ ကျင်းပ
Aug 13,2023
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့၌ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးများကို ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့က တောင်ပေါ်စုကျေးရွာနှင့် သိလ္လာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများ၌  လူငယ်ရေးရာ အသိပညာပေး ဟော​ပြောပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
ကော့သောင်းမြို့တွင် စက်လှေကိုင်တွယ်မောင်းနှင့် ထိန်းသိမ်းမှု (မွမ်းမံ)သင်တန်း စာတွေ့၊ လက်တွေ့ သင်ကြား
Aug 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် ကော့သောင်းခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်လှေကိုင်တွယ် မောင်းနှင်ထိန်းသိမ်းမှု (မွမ်းမံ)သင်တန်း အမှတ်စဉ် (၃/၂၀၂၃) အား ဩဂုတ်(၇)ရက်နေ့မှ ဩဂုတ်(၁၈) ရက်နေ့ထိ ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ် စာတွေ့၊ လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မိုင်းပန်မြို့နယ်၌ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေး သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Aug 13,2023
ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် တောင်သူတို့စိုက်ပျိုးလျက်ရှိသော သီးနှံများအထွက်နှုန်းတိုးတက်စေရန်အတွက် စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးသင်တန်းကို ဩဂုတ်လ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက် ၁၀ နာရီအချိန်က နောင်ဟီးကျေးရွာအုပ်စု၊ နောင်မိုင်ခန်းမ၌ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာ၌ စွန့်ပစ်ပစ္စည်းများ အသုံးပြု၍ စားပွဲတင်ပန်းအိုး အလှဆင်ပြိုင်ပွဲ ကျင်းပ
Aug 13,2023
မိတ္ထီလာမြို့၌  မိတ္ထီလာပညာရေး ဒီဂရီကောလိပ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော စွန့်ပစ်ပစ္စည်းများ အသုံးပြု၍ စားပွဲတင်ပန်းအိုး အလှဆင်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါ ဒီဂရီကောလိပ် ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် (၂၀၂၃) ခုနှစ် မိုးစပါး စိုက်ဧက (၆၄၀၃၈)ဧက စိုက်ပျိုးပြီးစီး
Aug 13,2023
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပြည်သူများ ဒေသဝမ်းစာ စပါးဖူလုံစေရေးအတွက် ၂၀၂၃ ခုနှစ်အတွင်း မိုးစပါး စိုက်တောင်သူများအနေဖြင့် စိုက်ဧက (၆၅၂၄၂) စိုက်ပျိုးနိုင်ရန် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ လျာထားလျက်ရှိပြီး ဩဂုတ်လ (၁၂) ရက်နေ့အထိ မိုးစပါး (၆၄၀၃၈) ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၉၈.၀၅) ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၃ ခုနှစ် မိုးစပါး ရာသီ ကောက်စိုက်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Aug 13,2023
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ၂၀၂၃ခုနှစ် မိုးစပါးရာသီ  ကောက်စိုက်စွမ်းရည် ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီက ပုသိမ်ကြီးမြို့နယ်၊ နန္ဒာတောင်ကျေးရွာ၊ ကွင်းအမှတ်(၄၅၀)၊ တောင်သူ ဦးတင်လှ၏ စပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။