ဇမ္ဗူသီရိမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဇမ္ဗူသီရိ သြဂုတ် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၁) အခြေခံပညာ အထက်တန်းကျောင်းတွင် သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ကြီးမှူးကျင်းပသည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေက အဖွင့်အမှာစကား ပြောကြားပြီး ဦးစီးအရာရှိ ဦးခင်မောင်သိန်းက ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာများအား အသိပညာ​ပေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့​နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/သူများက ကလေးသူငယ် အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍ မေးခွန်းများ မေးမြန်းရာ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျန်ရှိသည့် မြို့နယ်များတွင်လည်း ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)