သတင်းများ

ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ "လူငယ်စကားဝိုင်း" ကျင်းပ
Aug 13,2023
ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတများ ကြွယ်ဝစေရန်အတွက် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီက လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်မဲမြို့ ၊ အထက ၂ ကျောင်းတွင် အာဟာရပြည့်ဝအစာချက်ပြုတ်ပြိုင်ပွဲနှင့်အစာအုပ်စု ပြပွဲပြိုင်ပွဲကျင်းပ
Aug 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အထက ၂ ၊ ပတ္တမြားခန်းမတွင်ဩဂုတ်လ ၁၂ ရက် နံနက် ၉ နာရီ အချိန်က ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ အာဟာရပြည့်ဝအစာ ချက်ပြုတ်ပြိုင်ပွဲနှင့် အစာအုပ်စု ပြပွဲပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ဒေါပုံမြို့နယ်တွင် လူငယ်များ ဗလငါးတန်ပြည့်ဝစေရန်အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်
Aug 13,2023
လူငယ်ဟူသည် အနာဂတ်၏ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ လူငယ်များဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဒေါပုံမြို့နယ်အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် သက်ဆိုင်ရာဌာနများမှပူးပေါင်း၍ ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
သရက်မြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Aug 13,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အာဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက်(၁၀)နာရီက သရက်ခရိုင်ခန်းမ၌ကျင်းပခဲ့ရာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ(၂၈၀ )ဦးတက်ရောက်ကြသည်။
ရွှေဘိုမြို့တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု သန်ချ​ဆေး တိုက်​​ကျွေး
Aug 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုမြို့တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား/သူများအား သံချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)အ​ခြေခံပညာအထက်တန်း​ကျောင်း ​ရွှေရတုခန်းမတွင် ကျင်းပခဲ့​​ကြောင်း သိရသည်။
ဖြူးမြို့နယ်၌ ဆီထွက်သီးနှံ မိုးနေကြာအား တောင်သူများ တိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေး စိုက်ခင်းစိုက်ပျိုးထားလျက်ရှိ
Aug 13,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် မိုးနေကြာစိုက်ပျိုးမှုမှာ အခြားရာသီများထက် စိုက်ပျိုးမှု နည်းသော်လည်း  ဒေသတွင်း စားသုံးဆီ ဖူလုံရေး၊ တောင်သူများ တိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေး စိုက်ခင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရန်ကုန်-မန္တလေး အမြန်လမ်းဘေး(၁၁၃)မိုင် အနီးစိုက်ခင်းအတွင်းတွင် စိုက်ပျိုးထားကြောင်း သိရသည်။
မောက်မယ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများစတင်ထုတ်ချေး
Aug 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးခြင်းကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၀နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ စတင်ထုတ်ချေးပေးခဲ့သည်။