သတင်းများ

ပခုက္ကူတက္ကသိုလ်၌ ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များဆိုင်ရာ Academic Infographic Contest(2023) ပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ
Aug 13,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူတက္ကသိုလ်၌ ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များဆိုင်ရာ Academic Infographic Contest (2023) ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က အဆိုပါတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
ကလေးဝမြို့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး ပညာပေး ဆွေးနွေးပွဲ ပြုလုပ်
Aug 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် စိုက်ပျိုးရေးဦးစီးဌာက မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဒေသခံတောင်သူများအား အသိပညာပေး ဆွေးနွေးပွဲများ သြဂုတ်လ ၁၃ ရက်နေ့က ယောစုကျေးရွာ၊မြေသာကျေးရွာနှင့် ပန်းချီစုကျေးရွာတို့တွင် ပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လူထုအခြေပြုဗဟိုဌာန(လားရှိုး)တွင် ပြည်သူအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် တင်ဆောင် ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 13,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre (Lashio) တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဝင်များ၊ Book Club,Youth Club,Women Club အဖွဲ့ဝင် များ နှင့် တွေ့ဆုံညှိနှိုင်း အစည်း အဝေးကို ဩဂုတ်လ ၁၁ ရက်နေ့  မွန်းလွဲ ၁ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပေါင်မြို့နယ်၌ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျောင်းကျန်းမာရေး အဆင့်မြင့် ကျောင်းဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်
Aug 13,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု  ကျောင်းကျန်းမာရေး အဆင့်မြင့်ကျောင်းဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ညနေပိုင်းက ( အထက )ပေါင် ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကွန်ဟိန်းမြို့၌ ရှမ်းပြည်နယ်အစိုးရမှ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် (Urea) ပုလဲဓာတ် မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Aug 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရမှ မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် (Urea) ပုလဲဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ် (မြေအောက်ရေ) အသုံးပြု၍မိုးစပါးစိုက်ပျိုးခြင်းဆောင်ရွက်
Aug 13,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ်(မြေအောက်ရေ)အသုံးပြု၍ မိုးစပါး စိုက်ပျိုးခြင်းကို ယနေ့နံနက်(၈)နာရီက ရုံးရပ်တောင်ပိုင်းရပ်ကွက်၊ ကွင်းအမှတ်၊ ၈၆၁-B၊ တောင်သူဒေါ်စိန်ရင်၏ (၁)ဧက စိုက်ကွက် တွင်ဧရာပဒေသာမျိုး စိုက်ပျိုးခဲ့သည်။
ကျောက်ဆည်မြို့နယ်ရန်ပုံနှစ်ကျေးရွာတွင် စိုက်ပျိုးထားသောခရမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းရသဖြင့် မိသားစုများအဆင်ပြေ
Aug 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ခရမ်း၊ ရုံပတီ၊ ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း စသည့် ဟင်းသီး၊ ဟင်းရွက်များ တစ်နိုင်တစ်ပိုင် ပိုမို စိုက်ပျိုးကြရာ ရန်ပုံနှစ်ကျေးရွာတွင်စိုက်ပျိုးထားသော ခရမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းရသဖြင့် မိသားစုစားဝတ်နေရေးဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရွှေဘိုမြို့တွင်စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲကျင်းပ
Aug 13,2023
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်စားသုံးသူ ရေးရာဦးစီးဌာနမှကြီးမှူး ကျင်းပသောစားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းအချိန် ရွှေဘိုမြို့ အမှတ်(၁)စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက် တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။