ကလေးဝမြို့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး ပညာပေး ဆွေးနွေးပွဲ ပြုလုပ်

ကလေးဝ သြဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် စိုက်ပျိုးရေးဦးစီးဌာက မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဒေသခံတောင်သူများအား အသိပညာပေး ဆွေးနွေးပွဲများ သြဂုတ်လ ၁၃ ရက်နေ့က ယောစုကျေးရွာ၊မြေသာကျေးရွာနှင့် ပန်းချီစုကျေးရွာတို့တွင် ပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆွေးနွေးပွဲများတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်က မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ရာသီဥတုဒဏ် ခံနိုင်ပြီး ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို အသုံးပြုရေး၊ စိုက်ပျိုးနည်းစနစ် မှန်ကန်ရေး၊ မြေဆီလွှာ ဖွံ့ဖြိုးရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းရေးနည်းပညာများကို လည်းကောင်း ဒုတိယဦးစီးမှူး ဦးသန်းထွန်းကြီးက ဘက်စုံံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာများကိုလည်းကောင်း ပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပညာပေးဆွေးနွေးပွဲများကို စိတ်ပါဝင်စားသူ ဒေသခံတောင်သူ ၃၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)