သတင်းများ

ကျိုင်းတုံမြို့၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Aug 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဩဂုတ် ၁၂ ရက် နံနက်  ၁၀ နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကား ဝိုင်းကျင်းပ
Aug 13,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဉပဒေဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်စကားဝိုင်းကို  ယမန်နေ့ မွန်းလွဲ  ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲ၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ
Aug 13,2023
၂၀၂၃ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲ၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းပြများ၊ အားကစားမောင်မယ်ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။
ရေတာရှည်မြို့နယ်၌ လက်ကိုင်ပိုက်ဆံအိတ် ပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Aug 13,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ရပ်ရွာအခြေပြု လက်ကိုင်ပိုက်ဆံအိတ် ပြုလုပ်နည်းသင်တန်းအား သြဂုတ်လ ၁၂ ရက်နေ့ တွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ လူငယ်ရေးရာကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Aug 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီ မိနစ် ၃၀ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပသည်။
ညောင်ဦးခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် မြစ်ရေ ကြီးမှု သတိပေးချက် သတိပေးခြင်းနှင့် ရေဘေးဆိုင်ရာရှောင်ရန်/ ဆောင်ရန်တို့အား အသိပညာ ပေးနှိုးဆော်
Aug 13,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများသည် ညောင်ဦးမြို့ အမှတ်(၁)ရပ်၊သာယာဝတီ သင်္ဘောဆိပ်ကမ်းနှင့်ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြစ်ရေတက်လာခြင်းနှင့်အတူ ရေကြောင်းသွားခရီးသည်များ အန္တရာယ်ကင်းရှင်းရေး အသိ ပညာပေး နှိုးဆော်ခြင်းကို ဩဂုတ် ၁၃ ရက်၊ နံနက်  ၈ နာရီခွဲအချိန်က လိုက်လံဆော်ဩ ခဲ့ကြောင်းသိရသည်။
ဘီးလင်းမြို့နယ်တွင် ရေပြန်လည် ကျဆင်းသွားသည့်အတွက် ကယ်ဆယ်ရေးစခန်းအားလုံး ပိတ်သိမ်း
Aug 13,2023
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ဘီးလင်းမြစ်ရေ မြင့်တက်ကာ ရပ်ကွက်၊ကျေးရွာများသို့ ရေများ ဝင်ရောက် လာသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက ဩဂုတ် ၂ ရက်နေ့မှ စတင်ကာ ရေဘေးရှောင်စခန်း(၂၇)ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချပေးခဲ့ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သော ဓာတ်မြေဩဇာများအား အခမဲ့ဖြန့်ဝေခြင်းအခမ်းအနားကျင်းပ
Aug 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နှင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအတွက် ရှမ်းပြည်နယ်အစိုးရမှ ပေးအပ်သောဓာတ်မြေဩဇာများအား တောင် သူများထံသို့  အခမဲ့ဖြန့်ဝေခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက  မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။