လူထုအခြေပြုဗဟိုဌာန(လားရှိုး)တွင် ပြည်သူအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် တင်ဆောင် ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လားရှိုး  ဩဂုတ် ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre (Lashio) တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဝင်များ၊ Book Club, Youth Club, Women Club အဖွဲ့ဝင် များ နှင့် တွေ့ဆုံညှိနှိုင်း အစည်း အဝေးကို ဩဂုတ်လ ၁၁ ရက်နေ့  မွန်းလွဲ ၁ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး၊ လားရှိုးမှဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက လူထုအခြေပြုဗဟိုဌာန သမိုင်းကြောင်းနှင့် ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေသည့် လုပ်ငန်းများ အကြောင်းကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်ဆိုင်ရာအသိပညာပေး လုပ်ငန်းများဆောင်ရွက်နေမှု၊ သင်တန်းများ ဖွင့်လှစ်နေမှုများ၊ ကော်မတီအလိုက် ရှေ့ဆက်ပြီးဆောင်ရွက်ကြမည့် လုပ်ငန်း စဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များ၊ Women Club, Youth Club , Book Club အဖွဲ့ဝင်များက လူထုအခြေပြုဗဟိုဌာနတွင် ရှေ့ဆက်ဖွင့်လှစ်မည့်သင်တန်းများ၊ ပြပွဲ၊ပြိုင်ပွဲများ ဆောင်ရွက်မည့် အခြေအနေများ၊  လူငယ်ရေးရာအသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေ အနေများနှင့် စပ်လျဉ်း၍ အသီးသီးအကြံပြုဆွေးနွေးခဲ့ကြသည်။

လူထုအခြေပြုဗဟိုဌာန(လားရှိုး)တွင် ပြည်သူအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီဝင်များနှင့်အစည်းအဝေးကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်