ကြံခင်းမြို့နယ် (အ.ထ.က) ဘက်ရဲကျောင်းတွင် လူငယ်နှင့်စကားဝိုင်း ကျင်းပ

ကြံခင်း  ဩဂုတ်  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် ကျောင်းသား/သူလူငယ်များ ဗလငါးတန် ပြည့်စုံပြီး အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင်းမားစေရန် ရည်ရွယ်ပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လည်ပိုင်းက   (အ.ထ.က) ဘက်ရဲကျောင်း တေဇခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဘက်ရဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က   လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားပါသည်။

ဆက်လက်ပြီး  လူငယ်စကားဝိုင်းစတင်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ်   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့်  (အ.ထ.က) ဘက်ရဲကျောင်းအုပ်ဆရာကြီး ဦးခိုင်မျိုးဇင်တို့နှင့်အတူ  (G-9) ကျောင်းသား မောင်ရှိုင်းမင်းခန့်က "လူငယ်နှင့်ပညာရေး"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (G-8)ကျောင်းသူ မဟန်ပိုပိုစုက "လူငယ်နှင့်ကိုယ်ကျင့်တရား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (G-11)ကျောင်းသူ မဖူးပြည့်စုံက "လူငယ်နှင့်ကျန်းမာရေး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (G-10)ကျောင်းသား မောင်ဟန်မင်းသွေးက "လူငယ်နှင့်မူးယစ်ဆေး" ခေါင်းစဉ်များဖြင့်    အသီးသီး ဆွေးနွေးကြသည်။

ထို့နောက် အခမ်းအနား တက်ရောက်လာကြသော ကျောင်းသား/သူများက   ခေါင်းစဉ်ပါ ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး သိရှိလိုသော အချက်များအား မေးမြန်းကြရာ  လူငယ်စကားဝိုင်း ဆွေးနွေးသော ကျောင်းသား/သူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး၊ မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ကြရာ (အ.ထ.က) ဘက်ရဲကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ ဘက်ရဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ မြို့နယ်ဌာနဆိုင်ရာများ၊ (အ.ထ.က) ဘက်ရဲကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ (၃၅၀)ဦးတက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)