မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် လုပ်ငန်းသစ်ဝန်ဆောင်မှု သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ ဩဂုတ် ၁၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ ဆက်သွယ်ရေးဌာနခွဲက ဖွင့်လှစ်သည့် လုပ်ငန်းသစ်ဝန်ဆောင်မှုသင်တန်း အမှတ်စဉ် (၁၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး   သင်တန်းသား၊ သင်တန်းသူများအား လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။ ၎င်း လုပ်ငန်းသစ်ဝန်ဆောင်မှုသင်တန်း အမှတ်စဉ် (၁၁/၂၀၂၃) ကို သင်တန်းသားသင်တန်းသူ (၂၀) ဦးတက်ရောက်ပြီး  သင်တန်းကာလမှာ ရက်သတ္တပတ် (၃) ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)