ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့်ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်

ကျောက်တလုံးကြီး  ဩဂုတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဟမ်းဆီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆရာမများက အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများအား ကျန်မာရေးစစ်ဆေးခြင်းကို အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက  ပြုလုပ်ခဲ့​ကြောင်း သိ ရသည်။

အဆိုပါ ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင် ဟမ်းဆီးကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဒေါ်နန်းနွဲ့က ဦးဆောင်၍ ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တစ်ကိုယ်ရည်သန့်ရှင်းရေး အကြောင်း၊ အရက်သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုး များနှင့် ကျန်းမာ ရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း၅၂၁ဦးအား ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေး ခြင်းများ ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့်ပတ်သက်သည့် အသိဉာဏ် ပညာများ ဖွံဖြိုးတိုးတက်ပြီး ကျန်းမာသန်စွမ်း ရောဂါကင်း၍ အနာဂတ်၏ အောင်မြင်သော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာနိုင်မည် ဖြစ်ကြောင်း အ.ထ.က၊ ကျောက်တလုံး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်ထံမှ သိရသည်။

ကေသီ(ပြန်/ဆက်)