သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်၊ ဇူလကျေးရွာတွင် ဆင်းသုခမျိုးစေ့ထုတ် စပါးပျိုးနေမှုများနှင့် သုံးမိုင်စုပေါင်းစစ်ဆေးရေးဂိတ်အား လိုက်လံကြည့်ရှုစစ်ဆေး
Aug 17,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၄ ရက်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူမြို့ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၈/၁)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ​ကျင်းပ
Aug 17,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူ ရေးရာ ဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ သြဂုတ် ၁၅ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၈/၁) ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 17,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက မြို့မနာရီစင်ခွဆုံတွင် တာဝန်ရှိသူများ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြသည်။
တပ်ကုန်းမြို့နယ်၌ စိုက်ပျိုးပြီး မိုးစပါး ၁၈၂၀၁ ဧက ရှိ
Aug 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ဒေသအတွင်း ဆန်စပါး ပိုလျှံရေး မိုးစပါး ၄၆၄၄၅ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ၁၈၂၀၁ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း နှင့်မိုးစပါးလျာထားဧက ပြည့်မီကျော်လွန်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရန် ရေပေးဝေရေးမြောင်းများအလိုက် အလှည့်ကျစနစ်ဖြင့် ရေပေးဝေလျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ် အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အမှတ် (၅) အခြေခံပညာ အလယ်တန်းကျောင်းတွင် သြဂုတ် ၁၅ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်
Aug 17,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကလေးများကိုယ်ခန္ဓာကြီးထွားသန်မာခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးခြင်း၊ ရောဂါကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခံစားရစေနိုင်ရန်နှင့် စံမှီအာဟာရ ပြည့်ဝမျှတစေရန်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ဩဂုတ်(၁၅)ရက် နံနက်(၁ဝ)နာရီက မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့၌ လူငယ်စကားဝိုင်း ကျင်းပ
Aug 17,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် (၉)နာရီခွဲက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။