သတင်းများ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အူကျွန်း‌ကျေးရွာတွင် အထွက်ကောင်းမျိုးစပါးဆင်းသုခ စိုက်ခင်းအတွင်း ပေါင်းလိုက်တမန်းနှိုးဓာတ်မြေဩဇာကြဲပက်ပွဲအခမ်းအနားအား ကြည့်ရှုအားပေး
Aug 17,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်က ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာတွင် အထွက်ကောင်းမျိုးစပါး ဆင်းသုခစိုက်ခင်းအတွင်း ပေါင်းလိုက်တမန်းနှိုးဓာတ်မြေဩဇာ ကြဲပက်ပွဲအခမ်းအနားကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့၌ ၂၀၂၃ခုနှစ် မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း တိုးထွက်ရေးအတွက် တောင်သူများအား ဈေးနှုန်းသက်သာသော ယူရီးယားဓါတ်မြေဩဇာဖြန့်ဖြူးပေး
Aug 17,2023
ဧရာဝတီတိုင်းဒေသကြီး၊‌ မြောင်းမြမြို့နယ်တွင် ၂၀၂၃ခုနှစ် မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း တိုးထွက်ရေးအတွက် တောင်သူများအား ဈေးနှုန်းသက်သာသော ယူရီးယားဓါတ်မြေဩဇာ ဖြန့်ဖြူးပေးအပ်ပွဲကို ယမန်နေ့မွန်လွဲပိုင်းအချိန်က ကျုံဝါးကျေးရွာ (၅)မိုင်နည်းပညာပေးစင်တာ၌ ကျင်းပပြုလုပ်သည်။
ရွှေကျင်မြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 17,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ခုတင်(၁၀၀) ဆေးရုံအုပ် ဒေါက်တာသိန်းနိုင်လင်း၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့်အခြေခံပညာကျောင်းတို့ ပူး‌ပေါင်း၍ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပခြင်းကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်(၁၁)နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ 
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အ.ထ.က(ခွဲ)လ(၁၈)တွင် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ
Aug 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ အ.ထ.ကခွဲလ(၁၈) တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲ နှင့် စာစီစာကုံးပြိုင်ပွဲကို သြဂုတ် ၁၅ ရက်နေ့ နံနက် (၉.၀၀) နာရီ က အ.ထ.ကခွဲလ(၁၈) တွင် ပြုလုပ်သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်ဆွေးနွေးပွဲအခမ်းအနားနှင့် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင် ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားများ တက်ရောက်
Aug 17,2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက မြောင်းမြမြို့တွင် ပြုလုပ်သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်ဆွေးနွေးပွဲ အခမ်းအနားနှင့် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားများအား တက်ရောက်ခဲ့ကြောင်းသိရသည်။
ဖြုးမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်
Aug 17,2023
ပဲခူးတိုင်း​ဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို သြဂုတ် ၁၅ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်၊ ကွင်းကောက်(အ.ထ.က) ကျောင်းတွင် လူငယ်နှင့်စကားဝိုင်းကျင်းပ
Aug 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက် (အ.ထ.က) ကျောင်းခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျောင်သား/သူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်နှင့် စဉ်းစားတွေးခေါ်မှုစွမ်းရည်မြင့်မားစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကျင်းပပြုလုပ်သည်။
ငါးသိုင်းချောင်းမြို့၊ငါးသိုင်းချောင်းမြို့၊ အလက(ခွဲ) မြို့သစ်ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Aug 17,2023
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့အတွင်းရှိ အ.လ.က(ခွဲ)မြို့သစ်၌ဩဂုတ် ၁၅ ရက်နေ့ နံနက်(၁၀)နာရီက လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စတင်ကျင်းပခဲ့သည်။