တောင်ငူမြို့ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၈/၁)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ​ကျင်းပ

တောင်ငူ သြဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူ ရေးရာ ဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ သြဂုတ် ၁၅ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၈/၁) ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက လူငယ်နှင့် စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သတင်း အချက်အလက်နှင့် နည်းပညာတာဝန်ခံ ဦးစောသန်းထိုက်ကျော်က  စားသုံးသူကာကွယ်ရေး အခွင့်အရေးနှင့် ဥပဒေများကိုလည်းကောင်း၊  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သူဇာထွေးက  လူငယ်နှင့် အားကစား ခေါင်းစဥ်ဖြင့်လည်းကောင်း   အသီးသီးဟောပြောဆွေးနွေးကြသည်။

ထို့နောက် ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက ကြည့်ရှုလေ့လာကြကြောင်းသိရသည်။

ဇော်ကိုကို (ပြန်/ဆက်)