ကျိုက်မရောမြို့နယ် ငွေဖြိုးလျှံသမဝါယမအသင်းစု နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးပွဲ ကျင်းပ

ကျိုက်မရော  သြဂုတ် ၁၇

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ငွေဖြိုးလျှံ သမဝါယမအသင်းစုလီမိတက်၏  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဩဂုတ်လ ၁၅ရက်နေ့ နံနက်၁၀ နာရီက ငွေဖြိုးလျှံသမဝါယမအသင်းရုံးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် အသင်းစုနာယက ဒုတိယမြို့နယ်ပညာရေးမှူး ဦးညဏ်လင်းကအမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးကသမဝါယမ အသင်းသားတိုးတက်ရေးနှင့်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပရခြင်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားသည်။ ထို့နောက် ငွေဖြိုးလျှံ  သမဝါယမအသင်း အမှူဆောင်အဖွဲ့၏အစီရင်ခံစာကို အဖွဲ့ဝင်ဒေါ်မိမိက ဖတ်ကြားတင်သွင်းပြီး  အမှုဆောင်ဒါရိုက်တာ  ဦးဝင်းနိုင်စိုးက အမြတ်ငွေ ခွဲဝေမှုနှင့် ဘဏ္ဍာရေး ရှင်းတမ်းကို ဖတ်ကြားခဲ့သည်။ဆက်လက်၍ တက်ရောက်လာသော အသင်းဝင်ကိုယ်စားလှယ်များ၏ သိရှိလိုသော မေးခွန်းများကို အမှုဆောင်ဒါရိုက်တာ  ဦးဝင်းနိုင်စိုးက ပြန်လည်ဖြေကြားခဲ့ပြီး အသင်းသား(၈၇၅)ဦးတို့အား အခြေခံစားသောက်ကုန်ဆီဗူးတစ်ဗူးနှင့် အချိုမုန့်၊ ဖူဂျီဆပ်ပြာဗူး များကို  ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)