တပ်ကုန်းမြို့နယ်၌ စိုက်ပျိုးပြီး မိုးစပါး ၁၈၂၀၁ ဧက ရှိ

တပ်ကုန်း ဩဂုတ် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ဒေသအတွင်း ဆန်စပါး ပိုလျှံရေး မိုးစပါး ၄၆၄၄၅ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ၁၈၂၀၁ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် မိုးစပါးလျာထားဧကပြည့်မီကျော်လွန်ရေးအတွက်  မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရန် ရေပေးဝေရေးမြောင်းများအလိုက် အလှည့်ကျစနစ်ဖြင့် ရေပေးဝေလျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ဆည်၊ ကန်၊ တာတမံအလိုက် မိုးစပါးလျာထား အနေဖြင့် ဆင်သေဆည်တမံမှ ဧက ၁၀၂၈၉ ၊ မုန်ရေထိန်းတမံမှ ဧက ၄၂၀၀ ၊ ကင်းသာရေလှောင် တမံမှ ဧက ၅၀၄ ၊ ပွဲစားရေလွှဲဆည်မှ ဧက ၁၈၇၀ ၊ ညောင်ကိုင်းရေလွှဲဆည်မှ ဧက ၆၂၀ ၊ ပုဂ္ဂလိကကန်များမှ ဧက ၁၁၈၄၅ ၊ အခြားနည်းမှ ဧက ၁၃၅၈ နှင့် မိုးကောင်းသောက်မှ ဧက ၁၅၇၅၉ ၊ စုစုပေါင်းဧက ၄၆၄၄၅  လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်