သတင်းများ

နောင်ချိုမြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Aug 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြို့နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် အ.မ.က (၄၃) ကျောင်းတွင် စာကြည့်တိုက် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်
Aug 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ပြသခြင်းကို ဩဂုတ်လ (၂၂) ရက်နေ့ နံနက် (၁၁) နာရီခွဲက အ.မ.က (၄၃) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
သနပ်ပင်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 24,2023
ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ကြီးမှူးကျင်းပသော ကလးသူငယ်အခွင့်ရေးဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရမ်းဗြဲမြို့ အ.ထ.က (၁)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
Aug 24,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၁)နာရီက အထက(၁)ကျောင်းရှိ မဟာပညာကျော်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ဘားအံမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 24,2023
ပြန်ကြား‌ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီးကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေး၊  အသိပညာဗဟုသုတတိုးပွားစေရေး၊ အားကစားကဏ္ဍမြှင့်တင်ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ် ၂၂ ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီခန့်က ဘားအံမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မဲဘောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အောင်လံမြို့၌ ဥပဒေအကြောင်းသိကောင်းစရာဆွေးနွေးပွဲ ကျင်းပ
Aug 24,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဥပဒေနှင့်ပတ်သက်သည့်ဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက အောင်လံမြို့၊ အ.ထ.က (၂) ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ တန်(၃၀)ဆန်စက်လုပ်ငန်းနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယနေ့နံနက်ပိုင်းက တန်(၃၀)ဆန်စက်လုပ်ငန်းနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်ပခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာ အထက်တန်းကျောင်းပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Aug 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။