သနပ်ပင် ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ကြီးမှူးကျင်းပသော ကလးသူငယ်အခွင့်ရေးဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်မှ အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်မှ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ရည်ရွယ်ချက်များ၊ အခွင့်အရေးများ၊ ပြစ်မူပြစ်ဒဏ်များ၊ မသန်းစွမ်းကလေးများနှင့်ပတ်သက်၍ ရရှိနိုင်သည့်အခွင့်အရေးများ စသည့် အကြောင်းရာများအား ရှင်းလင်းပြောကြားကာ ပဲခူးမြို့ အမှတ်(၂)မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်သန္တာဦးမှ ကလေးများမွေးစားခြင်း အဆိုးရွာဆုံးပုံစံဖြင့် အလုပ်ခိုင်စေခြင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းရာ ဝာာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)