မိုင်းယောင်းမြို့နယ်၌ တန်(၃၀)ဆန်စက်လုပ်ငန်းနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်း‌ယောင်း ဩဂုတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်နေ့နံနက်ပိုင်းက တန်(၃၀)ဆန်စက်လုပ်ငန်းနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်ပခဲ့ကြောင်း သိရသည်။

အစည်အဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊  ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် တက်ရောက်လာသူများက တန်(၃၀)ဆန်စက်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ထွန်းမြင့်လှိုင်(ပြန်/ဆက်)