သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပန်းတောပြင်ချောင်းတွင် ရေဘေးကယ်ဆယ်ရေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်
Aug 22,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ရေဘေးအန္တရာယ် ကူညီကယ်ဆယ်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နေ့ လယ် ၁ နာရီအချိန် ပန်းတောပြင်ချောင်းအတွင်း၌ ပြုလုပ်ခဲ့ကြသည်။
လားရှိုးမြို့ သမိုင်းဝင်ဆုတောင်းပြည့်မန်ဆူစေတီတော်မြတ်ကြီးအဝင် မုခ်ဦးတည်ဆောက်ခြင်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ
Aug 22,2023
လားရှိုးမြို့၏ သမိုင်းဝင်ဆုတောင်းပြည့်မန်ဆူစေတီတော်မြတ်ကြီး အဝင်မုခ်ဦးတည်ဆောက်ခြင်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က မုခ်ဦးတည်ဆောက်မည့် နေရာတွင် ကျင်းပသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်များအား အစာအာဟာရကျွေးမွေးလှူဒါန်းနိုင်
Aug 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်ချစ်သူများအနေဖြင့် မွေးနေ့နှင့် အထိမ်းအမှတ်နေ့များတွင် အစာအာဟာရ ကျွေးမွေးလှူဒါန်းလိုပါက ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တာမိုးညဲမြို့တွင် နှစ်စဉ်ကျင်းပသည့်  ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် မိုးရာသီ ဘောလုံး ပြိုင်ပွဲ ကျင်းပ
Aug 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့တွင် နှစ်စဉ်ကျင်းပသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်  မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို မွန်းလွဲ (၀၂း၃ဝ) နာရီအချိန်က တာမိုးညဲမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်း‌တော်ခန်းမ‌‌ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောက်မီးသွေး တူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများ လျာထားချက်အပြည့်အ၀ ထုတ်လုပ်ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေး တက်ရောက်
Aug 22,2023
ကျောက်မီးသွေးတူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများ လျာထားချက်အပြည့်အဝ ထုတ်လုပ်ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကျောက်မီး သွေးလုပ်ငန်းရှင်များနှင့် တာဝန်ခံများ တက်ရောက်ကြပြီး အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
မိုးနဲမြို့နယ်တွင် မိုးစပါးလျာထားချက်ပြည့်မီရေး ဆောင်ရွက်လျက်ရှိ
Aug 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးလျာထား ချက်ပြည့်မီရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၁ ရက်နေ့နံနက်ပိုင်းက နားလင်းကျေးရွာရှိ တောင်သူ ဦးစိုင်းပီး၏ လယ်မြေသုံးဧကနေရာ၌ မိုးစပါးပန်းတိုင်ရရှိရေးစံပြကွက် စိုက်ပျိုးနေမှုအားကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 22,2023
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း(၆)ကျောင်းအား ယာယီပိတ်ထားရ
Aug 22,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာ စာသင်ကျောင်း (၆) ကျောင်းတွင် မြစ်ရေများ ဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ဩဂုတ် ၁၈ ရက်နေ့ကစပြီး ယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။