အောင်လံမြို့၌ ဥပဒေအကြောင်းသိကောင်းစရာဆွေးနွေးပွဲ ကျင်းပ

အောင်လံ ဩဂုတ် ၂၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဥပဒေနှင့်ပတ်သက်သည့်ဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက အောင်လံမြို့၊ အ.ထ.က (၂) ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ဒုမြို့နယ်ဥပဒေအရာရှိ ဦးမြင့်ဇံက ကျောင်းသား၊ ကျောင်းသူများကို “မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ”အကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးသိန်းက “လူငယ်နှင့်အောင်မြင်ရေးပန်းတိုင်” အကြောင်း၊ ဒုရဲမှူးဦးသိန်းနိုင်မှ “လူငယ်နှင့်မူးယစ်ဆေးဝါး” အကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်/ပြန်ဆက်