သတင်းများ

မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းရှိ အသက်(၅)နှစ်နှင့်(၁၂)နှစ်ကြား ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Aug 21,2023
မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းရှိအသက်(၅) နှစ်နှင့်(၁၂)ကြား ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက သတ်မှတ်စုရပ်အ.လ.က(ခွဲ) မီးတိုက်ကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မအီမြို့ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် မိဘဆရာတွေ့ဆုံပွဲအခမ်းအနား ကျင်းပ
Aug 21,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ အ.ထ.က(ခွဲ) ဂျီဖြူတောင်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပထမဆုံးအကြိမ်အဖြစ် မိဘဆရာတွေ့ဆုံပွဲအခမ်းအနား(Parent Teacher Conference)ကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျိန္တလီမြို့၌ ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
Aug 21,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ကျိန္တလီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
ပေါက်တောမြို့ရှိ မြို့မအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြော
Aug 21,2023
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပေါက်တောမြို့ မြို့မအခြေခံပညာအထက်တန်းကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။
ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Aug 21,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက မြို့စည်ပင်သာယာရေးရုံးနှင့် မြို့လျှပ်စစ်ရုံးရှိ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။
ကျောက်တော်မြို့ လုထုအခြေပြုဗဟိုဌာန၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲများပြုလုပ်
Aug 21,2023
လူငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ လေ့လာဖတ်ရှုတတ်စေရန်၊ အနာဂတ်တွင်အားကိုး အားထားရသော လူတော်၊ လူကောင်း၊ လူရည်မွန်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးသည့် လူငယ်ပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
စဉ့်ကိုင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Aug 21,2023
မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောင်းသား/ကျောင်းသူများ စာအုပ်၊ စာပေများဖတ်ရှု လေ့လာခြင်းအားဖြင့် အသိပညာဗဟုသုတများကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရင့်သန်လာစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက်အလွယ်တကူဖတ်ရှု လေ့လာနိုင်စေရန်၊ စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲ(၁)နာရီ၌ ဟင်းငူအခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား(၈/၂၀၂၃)လ အတွက် ပင်စင်လစာငွေများ ထုတ်ပေး
Aug 21,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်အတွက် ပင်စင်လစာငွေများကို လစဉ် ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲမှ နေ့လယ် ၂ နာရီအချိန်အထိ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့တွင် ပင်စင်စား(၉၂)ဦးအား လာရောက်ထုတ်ယူခဲ့ကြောင်း သိရသည်။