ဘားအံမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်

ဘားအံ ဩဂုတ် ၂

ပြန်ကြား‌ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီးကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေး၊  အသိပညာဗဟုသုတတိုးပွားစေရေး၊ အားကစားကဏ္ဍမြှင့်တင်ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ် ၂၂ ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီခန့်က ဘားအံမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မဲဘောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်သွယ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံးမှ  ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က လူငယ်များအတွက် ပညာရေးဟာအဓိကဖြစ်ကြောင်း၊  ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတများရရှိရန် စာပေများကိုလည်းဖတ်ရှုလေ့လာရန်  လိုအပ်ကြောင်း၊ စာပေ၏အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နော်ဩလျာဖောက အားကစား၏အဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစားဖြင့် အကျိုးပြုစေသည့် အချက်များကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရှိရသည်။

ထိုနောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ‌ ကျောင်းအုပ်ဆရာမကြီးလက်ခံရယူခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအစီအစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)