ကျောက်မဲ သြဂုတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ယင်းပြိုင်ပွဲသို့ ကျောက်မဲမြို့နယ်ရှိ အထက်တန်းကျောင်းပေါင်း(၇)ကျောင်းမှ အသင်း(၁၁)သင်းတို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် Fitness Dance အကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော အထက(၁)မှ (B) အသင်း၊ ဒုတိယဆုရရှိသော အထက(ခွဲ) အလက(၃)မှ(A)အသင်း၊ တတိယဆုရရှိခဲ့သော အထက (၂) အသင်းတို့အား ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေနှင့်တာဝန်များက ဆုဖလား၊ ဆုတံဆိပ်လည်ဆွဲများနှင့် ဆုငွေတို့ကိုလည်းကောင်း ပြိုင်ပွဲဝင်အသင်းအားလုံးတို့ကို ဂုဏ်ပြုဆုငွေများ ဖြင့်လည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
မိုင်းထွန်း(ပြန်/ဆက်)