သတင်းများ

အုတ်တွင်းမြို့နယ်၌ (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “သဇင်”ငွေစုငွေချေး သမဝါယမအသင်း စုဆောင်းငွေအပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်
Jul 04,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့တွင်ကျရောက်မည့် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “သဇင်” ငွေစုငွေချေးသမဝါယမအသင်း စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ်၌ ဂရန်အင်းနှင့်တင်ဒါချက်များအား လေလံတင်ရောင်းချ
Jul 04,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ပထမ)အကြိမ် ဂရန်အင်းများ‌ လေလံတင်‌ရောင်းချခြင်းနှင့် (ပထမ)အကြိမ် တင်ဒါချက်များအား လေလံတင်ရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
(၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပွဲကျင်းပ
Jul 04,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက် (စနေ)နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇူလိုင် ၃ ရက် နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းတို့ပူးပေါင်း၍ ညောင်ဖြူကျေးရွာအုပ်စုအတွင်းရှိ အသင်းပိုင်ငါးမွေးမြူရေးကန်ပေါင်များတွင် သစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရွှေတောင်မြို့နယ်တွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 04,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် (အထက) ရွှေတောင်ရတနာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
မိုးညိုမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြု‌ သစ်ပင်စိုက်ပျိုး
Jul 04,2025
(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ မြို့နယ်သမဝါယမအသင်း စုရုံးဝင်းအတွင်း၌ ဇူလိုင် ၄ ရက်၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
သာယာဝတီမြို့နယ်၌ ကျားမအခြေပြု အကြမ်းဖက်မှုအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေ
Jul 04,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်ခဲ့သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (သုံးဆယ်ကျောင်း နှင့် အ.လ.က (သာယာဝတီ)ကျောင်းတို့တွင် ကျားမအခြေပြု အကြမ်းဖက်မှု အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီးတက်ရောက်ချီးမြှင့်
Jul 04,2025
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား(၄)မြို့နယ် အသက်(၂၅)နှစ်အောက်အမျိုးသမီး  ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ညောင်တုန်းမြို့နယ်‌ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။