သဲကုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ စာကြည့်တိုက်အင်္ဂါရပ်နှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆွေးနွေး
Jul 08,2025
နိုင်ငံတော်အစိုးရက ပြည်သူများ စာပေလေ့လာဖတ်ရှုစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာထားရှိပေးနိုင်ရန်အတွက် စာကြည့်တိုက်အသစ်များ ဖွင့်လှစ်ထားရှိနိုင်ရေး ရပ်ကွက်/ကျေးရွာအတွင်းရှိ စာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်ရေးတို့ကို အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ 'မ' တည်ငွေဖြင့် စာကြည့်တိုက်အင်္ဂါရပ်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်မည့် နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ရပ်ကွက်(၄)တပ်မြောက်စုဆင်စွယ်ရလမ်း "ပြည်သူ့မျက်ပွင့်" စာကြည့်တိုက်ကော်မတီများနှင့် ယမန်နေ့ နံနက် ၁၀ နာရီက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။