မိုးညို ဇူလိုင် ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ပထမ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် (ပထမ)အကြိမ် တင်ဒါချက်များအား လေလံတင်ရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂရန်အင်းနှင့်တင်ဒါချက်များ လေလံတင်ရောင်းချခြင်းကို သာယာဝတီခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အင်းလေလံရောင်းချရေးကော်မတီဝင်များက မိုးညိုမြို့နယ်အတွင်းရှိ (ပထမ)အကြိမ်ဂရန်အင်းနှင့် (ပထမ)အကြိမ် တင်ဒါချက်များကို လေလံတင်ရောင်းချခဲ့ရာ ဂရန်အင်း(၁၇)အင်းနှင့် တင်ဒါချက်(၁၃)ချက်အား ရေလုပ်သားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး နိုင်ငံတော်အခွန်ငွေများရရှိခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ကိုမင်း (ပြန်/ဆက်)