(၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပွဲကျင်းပ

ပေါင်းတည် ဇူလိုင် ၄

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက် (စနေ)နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇူလိုင် ၃ ရက် နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းတို့ပူးပေါင်း၍ ညောင်ဖြူကျေးရွာအုပ်စုအတွင်းရှိ အသင်းပိုင်ငါးမွေးမြူရေးကန်ပေါင်များတွင် သစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆောင်ရွက်မှုကို မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်နှင့် မြို့နယ်သမဝါယမအသင်းဥက္ကဋ္ဌ ဦးထွန်းကြည်တို့ ဦးဆောင်၍ စားပင်သီးပင်များဖြစ်သည့် ငှက်ပျောပင် ၂၀၀၊ သရက်ပင် ၅၀၊ ပိန္နှဲပင် ၅၀၊ ကြောင်လျှာပင် ၁၀၀နှင့် ဆူးပုတ်ပင် ၁၀၀ တို့ကို ဝန်ထမ်း ၁၅ ဦးနှင့် ငါးမွေးမြူရေးကန်လုပ်သားများ ပူးပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရွှေသား (IPRD)